Quality Surgical Gown
ရောဂါပိုးရှိသည်ဟု ယူဆရသောသူနှင့် ထိတွေ့သောအခါတွင်လည်းကောင်း၊ ရောဂါပိုးပါနိုင်သော အရည်၊ အရာဝတ္ထုများနှင့် ထိတွေ့သောအခါတွင်လည်းကောင်း ဝတ်ဆင်သူအား ရောဂါပိုးကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ရေးဝတ်စုံ (Gown) များကို ဝတ်ဆင်အသုံးပြုကြပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောနေရာများတွင် အသုံးပြုသော ကာကွယ်ရေးဝတ်စုံများတွင် ခွဲစိတ်ခန်းသုံးကာကွယ်ရေးဝတ်စုံ (Surgical Gown) နှင့် ခွဲစိတ်ခန်းပြင်ပသုံးကာကွယ်ရေးဝတ်စုံ (Nonsurgical Gown) ဟူ၍ ရှိပါသည်။
PB70:2003 အရည်အသွေးသတ်မှတ်ချက်တွင် Surgical Gown နှင့် Nonsurgical Gown များ၏ ကာကွယ်နိုင်ခြင်းအဆင့်များကို အမေရိကန်နိုင်ငံစံချိန်စံညွှန်းအမျိုးသားသိပ္ပံ (American National Standards Institute)/ ဆေးကိရိယာ ပစ္စည်းများအဆင့်မြှင့်တင်ရေးအဖွဲ့အစည်း (Association for the Advancement of Medical Instrumentation) တို့၏ အရည်အသွေးစမ်းသပ်ချက်အရ ကာကွယ်ရေးဝတ်စုံများ၏ ကာကွယ်နိုင်မှုစွမ်းရည်အပေါ်မူတည်၍ အဆင့်စံညွှန်းများသတ်မှတ်ပြီး ၂၀၁၄ ခုနှစ်တွင် ၎င်းစံညွှန်းများကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (U.S. Food and Drug Administration) မှအတည်ပြုပေးခဲ့သည်။ ၎င်းသတ်မှတ်ချက်အရ အဆင့်(၁)သည် အရည်ထိတွေ့ကာကွယ်နိုင်မှုအတွက် အနိမ့်ဆုံးဖြစ်ပြီး အဆင့်(၄)သည် ကာကွယ်နိုင်မှုအမြင့်ဆုံးဖြစ်ပါသည်။
အဆင့် (၁)။ ရောဂါကူးစက်မှုအန္တရာယ်အနည်းဆုံးအခြေအနေများဖြစ်သော အခြေခံအဆင့်ကျန်းမာရေးစောင့်ရှောက်နေချိန်၊ သာမန်အဆင့် လူနာသီးခြားထားရှိခန်း၊ ရိုးရိုး ဆေးကုသဆောင်များတွင်ဝတ်ဆင်ရန်နှင့် ဧည့်သည်များဝတ်ဆင်သင့်ပါသည်။
အဆင့် (၂)။ ရောဂါကူးစက်မှုအန္တရာယ်အနည်းငယ်ရှိသည့်အခြေအနေများဖြစ်သော သွေးဖောက်ယူချိန်၊ ဒဏ်ရာချုပ်နေချိန်၊ အထူးကြပ်မတ်ကုသဆောင်နှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများတွင် ဝတ်ဆင်သင့်ပါသည်။
အဆင့် (၃)။ ရောဂါကူးစက်မှုအန္တရာယ်အသင့်အတင့်ရှိသည့်အခြေအနေများဖြစ်သော သွေးလွှတ်ကြောမှသွေးဖောက်ယူချိန်၊ သွေးကြောထဲဆေးသွင်းပိုက်ထည့်ချိန်၊ အရေးပေါ်ဌာနနှင့် ထိခိုက်ဒဏ်ရာများကုသမှုပေးချိန်တွင် ဝတ်ဆင်သင့်ပါသည်။
အဆင့် (၄)။ ရောဂါကူးစက်မှုအန္တရာယ်အများဆုံးအခြေအနေများဖြစ်သော အချိန်ကြာမြင့်နိုင်သည့် အရည်ဖိတ်စင်မှုများသော ကုသမှုများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားနိုင်သည်ဟု သံသယရှိသော၊ ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန်လိုအပ်သော ခွဲစိတ်မှုများတွင် ဝတ်ဆင်သင့်ပါသည်။ လေမှတစ်ဆင့်ရောဂါပိုးကူးစက်နိုင်သည့်အခြေအနေတွင် မဝတ်ဆင်သင့်ပါ။
ခွဲစိတ်ခန်းသုံးကာကွယ်ရေးဝတ်စုံများကို ခွဲစိတ်ကုသခြင်းများပေးချိန်တွင် လူနာနှင့်ကျန်းမာရေးစောင့်ရှောက်သူ နှစ်ဦးစလုံးအား ရောဂါပိုးမွှားများ၊ ခန္ဓာကိုယ်အရည်များနှင့် အမှုန်များ ကူးစက်ခြင်းမှကာကွယ်ရန် ဝတ်ဆင်ကြပါသည်။ ခွဲစိတ်ခန်းသုံး ကာကွယ်ရေးဝတ်စုံများကို ရောဂါကူးစက်မှုအန္တရာယ် အနည်းဆုံးအခြေအနေမှ အများဆုံးအခြေအနေအထိ ဝတ်ဆင်နိုင်ပြီး အဆင့်(၁)မှ အဆင့်(၄)အထိ သတ်မှတ်ထားပါသည်။
ခွဲစိတ်ခန်းပြင်ပသုံးကာကွယ်ရေးဝတ်စုံများသည် ဝတ်ဆင်သူအား ရောဂါပိုးမွှားများနှင့် အရည်ဖိတ်စင်ခြင်း ကူးစက်မှုအန္တရာယ် အနည်းဆုံးအခြေအနေများတွင် ဝတ်ဆင်ရန်ရည်ရွယ်သည်။ ခွဲစိတ်ခန်းပြင်ပသုံးကာကွယ်ရေးဝတ်စုံများကို ခွဲစိတ်ကုသမှုများ၊ အထူးကြပ်မတ်ကုသမှုများနှင့် ရောဂါကူးစက်မှုအန္တရာယ်အသင့်အတင့်မှ အမြင့်မားဆုံးအခြေအနေများတွင် မဝတ်ဆင်သင့်ပါ။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်တွင် ရှေ့တန်းမှကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ၊ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးလုပ်သားများသည် အရည်အသွေးပြည့်မှီသော ခွဲစိတ်ခန်းသုံးကာကွယ်ရေးဝတ်စုံများကိုသာ ဝတ်ဆင်အသုံးပြုကြပါရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) မှလမ်းညွှန်အကြံပြုထားပါသည်။
AAMI level 3 surgical gown အကြောင်းအား အသေးစိတ်လေ့လာရန် - https://www.facebook.com/1725080037810253/posts/2622792658038982/?d=n
Gowns are used to protect the wearer from the spread of infection if the wearer comes in contact with potentially infected person, infectious liquid, and solid material. A few of the many terms that have been used to refer to gowns intended for use in health care settings, include surgical gowns and nonsurgical gowns.
In 2004, the U.S. Food and Drug Administration (FDA) recognized the consensus standard American National Standards Institute/ Association for the Advancement of Medical Instrumentation (ANSI/ AAMI) PB70:2003, which describes the barrier protection levels of gowns. Level 1 is for the minimal level of fluid barrier protection and level 4 is for the maximal level of fluid barrier protection.
Level 1: MINIMAL risk, to be used, for example, during basic care, standard isolation, cover gown for visitors, or in a standard medical unit
Level 2: LOW risk, to be used, for example, during blood draw, suturing, in the Intensive Care Unit (ICU), or a pathology lab
Level 3: MODERATE risk, to be used, for example, during arterial blood draw, inserting an Intravenous (IV) line, in the Emergency Room, or for trauma cases
Level 4: HIGH risk, to be used, for example, during long, fluid intense procedures, surgery, when pathogen resistance is needed or infectious diseases are suspected (non-airborne)
A surgical gown is a personal protective garment intended to be worn by health care personnel during surgical procedures to protect both the patient and health care personnel from the transfer of microorganisms, body fluids, and particulate matter. Surgical gowns can be used for any risk level (Level 1 to 4).
Nonsurgical gowns are intended to protect the wearer from the transfer of microorganisms and body fluids in low or minimal risk patient isolation situations. Nonsurgical gowns are not worn during surgical procedures, invasive procedures, or when there is a medium to high risk of contamination.
In the current context of the pandemic COVID-19, it is highly advisable to use quality surgical gowns in various services at hospitals and clinics by frontline health care workers in conformity with the guidelines of the World Health Organization (WHO).
To see details of AAMI level 3 surgical gown - https://www.facebook.com/1725080037810253/posts/2622792658038982/?d=n
#Surgical_Gown
#AAMI
#QualityMatters_ItSavesLives