Powered Air-Purifying Respirator (PAPR)
Powered Air-Purifying Respirator (PAPR) ကို ကျန်းမာရေးဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်အတွင်း COVID-19 အပါအဝင် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ပိုးများဝင်ရောက်ကူးစက်ခြင်း အန္တရာယ်မှ ကာကွယ်ရန် အသုံးပြုနိုင်ပါသည်။ PAPR ကို အများအားဖြင့် စက်မှုလုပ်ငန်းခွင်များ၌ အသုံးပြုကြသော်လည်း CE Certificate ရရှိထားသော (သို့) လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအမျိုးသားတက္ကသိုလ် National Institute for Occupational Safety and Health (NIOSH)မှ ခွင့်ပြုချက်ရထားပြီးသော PAPR များကို လတ်တလော COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် စိတ်ချယုံကြည်စွာအသုံးပြုနိုင်ကြောင်းသိရှိရပါသည်။

PAPR သည် ပြင်ပမှလေကို ရောဂါပိုးမွှားများ စစ်ထုတ်ပေးနိုင်စွမ်းမြင့်မားသည့် လေစစ်စကာ High Efficiency (HE) Filters သုံးဆင့်ပါရှိသော လေမှုတ်စက် (Blower) ဖြင့် ခေါင်းစွပ်အကာအတွင်းသို့ စဉ်ဆက်မပြတ်လေမှုတ်သွင်းပေးခြင်းဖြင့် ဝတ်ဆင်အသုံးပြုနေသူ ရှူသွင်းနေသောလေကို တောက်‌လျှောက် သန့်စင်ပေးနိုင်ပါသည်။ အဆိုပါ စစ်ထုတ်ပေးနိုင်စွမ်းမြင့်မားသည့် လေစစ်စကာ (HE Filters) များသည် ၀.၃ micron အရွယ်အစားထိသေးငယ်သောအမှုန်အမွှားများနှင့် ရောဂါပိုးမွှားများအား ၉၉.၉၇ % အထိ စစ်ထုတ်ပေးနိုင်ပါသည်။ ထို့ကြောင့် PAPR သည် Filtering Facepiece Respirator (FFR) အမျိုးအစားဖြစ်သော N95 Respirator နှင့် နှိုင်းယှဉ်လျှင် စစ်ထုတ်ပေးနိုင်စွမ်းမှာ ပိုမိုမြင့်မားပါသည်။ ကျန်းမာရေးဝန်ထမ်းများသည် PAPR ကို အသုံးပြုခြင်းဖြင့် အသက်ရှူရာတွင် မျက်နှာဖုံးအတွင်း ရေငွေ့ပြန်ရိုက်မှုမရှိဘဲ သက်တောင့်သက်သာစွာဖြင့် အချိန်ကြာမြင့်စွာအလုပ်လုပ်နိုင်ပါသည်။
Powered Air Purifying Respirator (PAPR) ၏ အားသာချက်များ
- ပြန်လည်အသုံးပြုနိုင်သောအစိတ်အပိုင်းများဖြစ်ခြင်းနှင့် ပြန်လည်လဲလှယ်အသုံးပြုနိုင်သောလေစစ်စကာများပါဝင်ခြင်း
- စိတ်ချရသော လေစစ်စကာများ၊ လေစစ်အုံများ တပ်ဆင်အသုံးပြုထားသောကြောင့် ဓာတ်ငွေ့၊ အခိုးအငွေ့၊ အမှုန်အမွှားများရှူသွင်းမိခြင်းမှ ကာကွယ်နိုင်ခြင်း
- ဘက်ထရီအားသုံး၍ လေမှုတ်စက် (Blower) ဖြင့် ခေါင်းစွပ်အကာအတွင်းသို့ လေမှုတ်သွင်းပေးနိုင်ခြင်း
- မျက်လုံးအကာအကွယ်ပါရှိခြင်း
- အားစိုက်ထုတ်၍လေရှူသွင်းရန်မလိုအပ်ခြင်း
- Loose-fitting PAPR အမျိုးအစားသည် fit testing ဟုခေါ်သော အသုံးမပြုခင် ချိန်ညှိဝတ်ဆင်ကြည့်ခြင်းမျိုးပြုလုပ်ရန်မလိုအပ်ပါ။ မျက်နှာတွင် အမွှေးအမျှင်ထူထပ်သူများလည်း အသုံးပြုနိုင်ပါသည်။
- Tight-fitting PAPR အမျိုးအစားမှာ အသုံးမပြုမီ fit testing ပြုလုပ်ရန်လိုအပ်ပါသည်။
PAPR တစ်ခုတွင် တာဘို‌လေမှုတ်စက်၊ လေစစ်စကာများ၊ ခါးပတ်၊ ခေါင်းစွပ်အကာ၊ အသက်ရှူပိုက်၊ ပြန်လည်အားသွင်းအသုံးပြုနိုင်သောဘက်ထရီ နှင့် ဘက်ထရီအားသွင်းစက် တို့ပါဝင်ပါသည်။
PAPR အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ
- သေချာပိုးမွှားသန့်စင်ပြီး ပြန်လည်အသုံးပြုနိုင်ခြင်း
- လေစစ်စကာများဖြင့် လေကို တောက်လျှောက်သန့်စင်ပေးနေသောစနစ်ကြောင့် ဝတ်ဆင်အသုံးပြုသူ၏ မျက်နှာဖုံးကိုရေငွေ့ပြန်ရိုက်မှုမရှိစေဘဲ အသက်ရှူရာတွင်အခက်အခဲမရှိ ဘေးကင်းလုံခြုံမှုကို ပေးနိုင်ခြင်း
- စစ်ထုတ်ပေးနိုင်စွမ်းမြင့်မားသည့် လေစစ်စကာများ (HE Filters) သုံးဆင့်ပါဝင်ခြင်း
- လေမှုတ်အား (Air flow level) ကို လိုအပ်သလို ချိန်ညှိ၍ရခြင်း
- Battery pack မှာအလေးချိန်ပေါ့ပါးသဖြင့် ခါးပတ်နှင့်တွဲလျက် အလွယ်တကူ သယ်ဆောင်သွားလာနိုင်ခြင်း
- Battery ကို အားသွင်း၍ပြန်လည်အသုံးပြုနိုင်ခြင်း
- အသုံးပြုပြီးတိုင်း ပိုးသန့်စင်ပြီး နောက်တစ်ကြိမ်ပြန်သုံးရန်အဆင်ပြေခြင်း တို့ဖြစ်ပါသည်။
PAPR သည် ကျန်းမာရေးဝန်ထမ်းများ၊ အထူးသဖြင့် မေ့ဆေးဆရာဝန်များ ရောဂါပိုးရှိသူ လူနာများကို အသက်ရှူစက်ဖြင့်ကုသရန် လေပြွန်အတွင်းသို့အသက်ရှူပိုက်ထည့်ရာတွင် လူနာထံမှရောဂါပိုးကူးစက်ခံရခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။
PAPR ကို ညွှန်ကြားထားသည့်အတိုင်း စနစ်တကျတပ်ဆင်ပြီး တိကျစွာအသုံးပြုရန်လိုအပ်ပါသည်။ PAPR ကို အသုံးပြုပြီး ပြန်လည်သန့်စင်ရာတွင် အစိတ်အပိုင်းတစ်ခုချင်းစီကို ထုတ်လုပ်သူ၏တိကျသော လမ်းညွှန်ချက်များအတိုင်း ပြုလုပ်ရန်နှင့် အကြံပြုထားသော ပိုးသတ်ဆေးရည်များ၊ ဆေးရုံဆေးခန်းသုံးအရက်ပြန်များကိုသာ အသုံးပြုရပါမည်။အသုံးပြုထားပြီးသော PAPR များကို ပြန်လည်၍ပိုးမွှားသန့်စင်မည့်သူသည် တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်း Personal Protective Equipment (ကာကွယ်ရေးဝတ်စုံ၊ မျက်လုံးအကာမျက်မှန်၊ N95 Respirator နှင့် တစ်ခါသုံးလက်အိတ်) များကို မိမိကိုယ်ကိုလုံခြုံရေးအတွက်ဝတ်ဆင်ထားရန်အထူးလိုအပ်ပါသည်။



A Powered Air-Purifying Respirator (PAPR) can be used for protection during healthcare procedures in which healthcare professionals (HCPs) are exposed to greater risks of aerosolized pathogens causing acute respiratory infections including COVID-19. PAPRs that are CE certified and/or approved by National Institute for Occupational Safety and Health (NIOSH) are safe for use in healthcare settings though PAPRs are commonly used in industrial environment.
It is a kind of device that continuously filters the air from outside surroundings through the blower which contains 3 layers of high efficiency (HE) filters. HE filters are 99.97% efficient against 0.3 micron particles. PAPRs use only HE filters, which have a greater filtration efficiency against the smallest pathogen particles compared to N95 Filtering Facepiece Respirators (FFRs). As a result of using PAPRs, HCPs can do procedures for long hours and comfortable to breathe without vaporisation within the protective hood.
Advantages of using PAPRs
• Reusable components and replaceable filters or cartridges
• Can be used to protect against gases, vapors, or particles, if equipped with the appropriate cartridge, canister, or filter
• Battery-powered with blower that pulls air through attached filters or cartridges
• Provides eyes protection
• Low breathing resistance
• Loose-fitting PAPR does NOT require fit testing and can be used with facial hair
• Tight-fitting PAPR requires fit testing
A PAPR includes respiratory protection system (turbo unit, filters, waist belt), welding hood/helmet, breathing tube, rechargeable battery, and battery charger.
Benefits of using PAPRs
• It is reusable with proper disinfection
• Continuous filtering system provides safety to the user without difficulty in breathing and vaporisation of the face cover
• Contains highly efficient (HE) 3 layered filter system
• Adjustable air flow level
• Lightweight battery pack which the user can carry easily around
• Battery can be recharged
• Favourable cleaning and disinfection procedures
PAPRs prevent the risk of transmitting infections from infected patients to HCPs especially anaesthesiologists and intensivists during intubation procedures to put the patients on ventilators.
A PAPR should be assembled and used under strict instructions and guidelines. For cleansing and disinfection of a PAPR, it is important to clean each part of the device according to manufacturer’s strict cleaning instructions by using recommended disinfectants and medical alcohol. The person who disinfects the device needs to wear personal protective equipment (protective coverall, goggles, N95 respirator and examination gloves) for personal safety.

#PAPR
#HighEfficiencyFilter
#QualityMatters_ItSavesLives