Video Laryngoscope
Novel coronavirus ၏ ရောဂါကူးစက်ဝင်ရောက်နိုင်သည့်လမ်းကြောင်းနှင့် ရောဂါလက္ခဏာများသည် Severe Acute Respiratory Syndrome (SARS) ရောဂါနှင့် ဆင်တူပြီး လူတစ်ဦးမှအခြားတစ်ဦးထံသို့ လွယ်ကူစွာ ကူးစက်နိုင်ပါသည်။ COVID-19 ရောဂါသည် တုပ်ကွေးရောဂါကဲ့သို့သော ရောဂါလက္ခဏာများနှင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း စွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါလက္ခဏာများဖြင့် ကူးစက်ခံလူနာ၏ အသက်ရှူလမ်းကြောင်းကို ပြင်းထန်စွာတိုက်ခိုက်နိုင်ပါသည်။
အဆိုပါ အထူးကြပ်မတ်ကုသရန်လိုအပ်သော COVID-19 လူနာများနှင့် ပထမဆုံး အနီးကပ်ထိတွေ့ကုသပေးရမည့်သူများမှာ အသက်ရှူ‌ထောက်ကူစက် (Ventilator) တပ်ဆင်ရန်အတွက် အသက်ရှူပိုက်ထည့်သွင်းပေးရသည့် မေ့ဆေးဆရာဝန်များနှင့် အသည်းအသန်လူနာများကိုကြပ်မတ်ကုသပေးရသည့် အထူးကုဆရာဝန်များဖြစ်ပြီး ၎င်းတို့သည် လူနာ၏ မျက်နှာနှင့် အနီးဆုံးသို့ကပ်၍ အသက်ရှူပိုက်ထည့်သွင်းပေးရသည့်အချိန်တွင် ရောဂါကူးစက်ခံရရန် အခွင့်အလမ်းအလွန်မြင့်မားပါသည်။
ထိုသို့အသက်ရှူပိုက်ထည့်သွင်းရာတွင် တိုက်ရိုက်အသက်ရှူလမ်းကြောင်းကြည့် မှန်ပြောင်း (Direct Laryngoscope) ဖြင့် လူနာ၏ အသက်ရှူလမ်းကြောင်းဝမှ တိုက်ရိုက် ငုံ့ကြည့်ရခြင်းအစား ဗီဒီယိုမျက်နှာပြင်မှတဆင့်ကြည့်ရှုနိုင်သည့် ဗီဒီယိုအသက်ရှူ လမ်းကြောင်းကြည့်မှန်ပြောင်း (Video Laryngoscope) ကို အသုံးပြုသင့်ကြောင်း နိုင်ငံတကာမှပညာရှင်များက အကြံပြုထားပါသည်။
Video Laryngoscope သည် ဗီဒီယိုကင်မရာနည်းပညာကို အသုံးပြု၍ လူနာ၏အသက်ရှူလမ်းကြောင်းဖွဲ့စည်းပုံကို ကြည့်ရှုနိုင်ပြီး၊ မြင်ကွင်းပိုကျယ်ခြင်း၊ အမြင်ကြည်လင်ပြတ်သားခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်းကို ပိုမိုရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်ပါသည်။ COVID-19 ကူးစက်လူနာများကို အသက်ရှူပိုက်ထည့်သွင်းရာတွင် လူနာနှင့်တိုက်ရိုက်အနီးကပ်တွေ့ဆုံချိန်ကို တိုတောင်းစေသဖြင့် မေ့ဆေးဆရာဝန်များနှင့် အသည်းအသန်လူနာများကိုကြပ်မတ်ကုသပေးရသည့် အထူးကုဆရာဝန်များအတွက် ကူးစက်ခံရမည့်အန္တရာယ်နည်းပါးစေပြီး အသက်ရှူပိုက်ထည့်သွင်းရာတွင် လူနာ၏ အသက်ရှူလမ်းကြောင်းမှ တစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြင့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်သည့်အတွက် ကုသရေးတွင် ပို၍အဆင်ပြေစေနိုင်ပါသည်။
ဗီဒီယို အသက်ရှူလမ်းကြောင်းကြည့်မှန်ပြောင်း၏ တစ်ခါသုံးအပိုပစ္စည်းများကို စဉ်ဆက်မပြတ် ဝယ်ယူထောက်ပံ့ပေးနိုင်မည်ဆိုလျှင် ပိုးသတ်၍ ပြန်လည်အသုံးပြုနိုင်သော အမျိုးအစား (Reusable Video Laryngoscope) ထက် တစ်ခါသုံး အမျိုးအစား (Disposable Video Laryngoscope) ကို အသုံးပြုရန် ပိုမိုသင့်တော်ပါသည်။
The route of transmission of novel coronavirus and its clinical presentation are similar to that of Severe Acute Respiratory Syndrome (SARS), with flu-like symptoms and acute respiratory failure affecting human's respiratory system.
Anaesthesiologists, intensivists and other peri-operative care providers are particularly at high risk when providing respiratory care and tracheal intubation of patients with COVID-19.
To avoid placing the face of an anaesthesiologist or intensivist, who performs intubation, very close to the patient, videolaryngoscopy is recommended over direct laryngoscopy.
Videolaryngoscopy utilizes video camera technology to visualize airway structures and facilitate endotracheal intubation. The magnified view, better illumination, wider viewing angle of a Video Laryngoscope help in defining, identifying and recognising the anatomy better. It reduces the damage to the laryngeal tissue during the procedure.
Disposable Video Laryngoscopes are preferred over reusable ones where available and cost is not a matter.

#Video_Laryngoscope
#Endotracheal_Intubation
#QualityMatters_ItSavesLives